ဗျာ​ဒိတ်​ကျမ်း 18 MSB

ဘေ​ဘီ​လုံ​မြို့​၏​ကျ​ဆုံး​မှု

1 ထို့​နောက် ကြီး​မား​သော​အ​ခွင့်​အာ​ဏာ​ပါ​လျက် ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သည့် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေ​ကြီး​သည် သူ​၏​ဘုန်း​အ​သ​ရေ​ကြောင့် ထွန်း​လင်း​တောက်​ပ​လေ​၏။

2 သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​လျက် “ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ။ ၎င်း​သည် နတ်​ဆိုး​တို့​နေ​ထိုင်​ရာ​အ​ရပ်၊ ညစ်​ညူး​သော​နတ်​အ​ပေါင်း​တို့​၏​ခို​အောင်း​ရာ​အ​ရပ်၊ ညစ်​ညူး​သော​ငှက်​အ​မျိုး​မျိုး​တို့​၏​ခို​အောင်း​ရာ​အ​ရပ်​နှင့် ညစ်​ညူး​၍​ရွံ​ရှာ​ဖွယ်​ကောင်း​သော​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​ခို​အောင်း​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။

3 အ​ကြောင်း​မူ​ကား လူ​မျိုး​အ​ပေါင်း​တို့​သည် သူ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​နှင့်​ဆိုင်​သည့် ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေ​ကြီး​၏​ကုန်​သည်​တို့​သည်​လည်း သူ​၏​လွန်​ကျူး​သော​ဇိမ်​ခံ​ခြင်း​အ​ရှိန်​အ​ဝါ​အား​ဖြင့် ချမ်း​သာ​လာ​ကြ​၏”​ဟု ဆို​၏။

4 ထို့​နောက် ကောင်း​ကင်​မှ​အ​ခြား​သော​အ​သံ​က “ငါ့​လူ​မျိုး​တို့၊ သင်​တို့​သည် သူ​၏​အ​ပြစ်​များ​၌ မ​ပါ​ဝင်​စေ​ရန်​လည်း​ကောင်း၊ သူ​ခံ​ရ​မည့်​ဘေး​ဒဏ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ခံ​ရ​စေ​ရန်​လည်း​ကောင်း သူ့​ထံ​မှ ထွက်​လာ​ခဲ့​ကြ​လော့။

5 အ​ဘယ်​ကြောင့်​ဆို​သော် သူ​၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​အ​ထိ စု​ပုံ​လျက်​ရှိ​၍ သူ​၏​မ​တ​ရား​မှု​များ​ကို ဘု​ရား​သ​ခင်​မှတ်​မိ​တော်​မူ​ပြီ။

6 သူ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အ​မှု​များ​အ​ပေါ် နှစ်​ဆ​တိုး​၍​တုံ့​ပြန်​ကြ​လော့။ သူ​ရော​စပ်​ခဲ့​သော​ခွက်​၌ သူ့​အ​တွက်​နှစ်​ဆ​ရော​စပ်​ပေး​ကြ​လော့။

7 သူ​သည် မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍ စည်း​စိမ်​ခံ​စား​ခဲ့​သည်​နှင့်​အ​မျှ သူ့​အား ညှဉ်း​ဆဲ​ခြင်း​နှင့်​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​က ‘ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ မ​ဟုတ်။ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​လည်း မည်​သည့်​အ​ခါ​မျှ ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်’​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​သော​ကြောင့်​ဖြစ်​၏။

8 ထို့​ကြောင့် သူ​ခံ​ရ​မည့်​ဘေး​ဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​နှင့် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​တို့​သည် တစ်​ရက်​အ​တွင်း သူ့​အ​ပေါ်​ကျ​ရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်​ကျွမ်း​ခြင်း​ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ့​ကို​စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ​၏။

ဘေ​ဘီ​လုံ​မြို့​၏​ကျ​ဆုံး​မှု​အ​တွက် လော​က​သား​တို့​ပူ​ဆွေး​ငို​ကြွေး​ကြ​ခြင်း

9 သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ပြီး စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို​လောင်​ကျွမ်း​သည့်​မီး​ခိုး​ကို မြင်​ကြ​သော​အ​ခါ သူ့​အ​တွက် ရင်​ဘတ်​စည်​တီး​လျက်​ငို​ကြွေး​ကြ​လိမ့်​မည်။

10 ထို​သူ​တို့​သည် သူ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​ကို​ကြောက်​ကြ​သ​ဖြင့် အ​ဝေး​မှ​ရပ်​လျက် ‘ကြီး​မား​သော​မြို့၊ အား​ကြီး​သော​ဘေ​ဘီ​လုံ​မြို့၊ သင်​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​ခံ​ရ​သည့်​တ​ရား​စီ​ရင်​ခြင်း​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း​၌ ကျ​ရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်​မည်။

11 ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ ကုန်​သည်​များ​သည်​လည်း သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကို ဝယ်​ယူ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​တော့​သ​ဖြင့် သူ့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

12 သူ​တို့​၏​ကုန်​ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော၊ ခ​ရမ်း​ရောင်​အ​ထည်၊ ပိုး​ထည်၊ နီ​မြန်း​သော​အ​ထည်၊ သစ်​မွှေး​အ​မျိုး​မျိုး၊ ဆင်​စွယ်​ပစ္စည်း​အ​မျိုး​မျိုး၊ အ​ဖိုး​တန်​သော​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့​ဖြင့် ပြု​လုပ်​သော​ပစ္စည်း​အ​မျိုး​မျိုး၊

13 သစ်​ကြံ​ပိုး၊ ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော်​ဗန်၊ စ​ပျစ်​ဝိုင်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ​နွား​တိ​ရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရ​ထား၊ လူ့​ကိုယ်​ခန္ဓာ​နှင့် လူ​၏​အ​သက်​တို့​ပင်​ဖြစ်​ကြ​၏။

14 သင်​၏​စိတ်​နှ​လုံး​တပ်​မက်​သော​အ​သီး​အ​ပွင့်​သည် သင့်​ထံ​မှ ပျောက်​ကွယ်​သွား​လေ​ပြီ။ သင့်​ကို အ​ဆီ​ယစ်​စေ​သော​အ​ရာ​များ​နှင့် တင့်​တယ်​စေ​သော​အ​ရာ​တို့​သည်​လည်း သင့်​ထံ​မှ ပျောက်​ဆုံး​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို မည်​သည့်​အ​ခါ​မျှ​တွေ့​ရ​ကြ​တော့​မည်​မ​ဟုတ်။

15 သူ့​အား​ဖြင့် ချမ်း​သာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်​ပစ္စည်း​တို့​ကို​ပိုင်​ဆိုင်​သော​ကုန်​သည်​တို့​သည် သူ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​ကို ကြောက်​ကြ​သော​ကြောင့် အ​ဝေး​မှ​ရပ်​လျက် ဝမ်း​နည်း​ကြေ​ကွဲ​၍ ငို​ကြွေး​ကြ​ကာ

16 ‘ပိတ်​ချော၊ ခ​ရမ်း​ရောင်​နှင့် နီ​မြန်း​သော​အ​ဝတ်​တို့​ကို ဝတ်​ဆင်​ထား​လျက် ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နှင့် ပု​လဲ​တို့​ဖြင့် တန်​ဆာ​ဆင်​ထား​သော​မြို့​ကြီး၊ သင်​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။

17 အ​ကြောင်း​မူ​ကား ဤ​မျှ​လောက်​များ​ပြား​သော​စည်း​စိမ်​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း လုံး​လုံး​ဖျက်​ဆီး​ခြင်း​ခံ​ရ​ပါ​သည်​တ​ကား’​ဟု ဆို​ကြ​လိမ့်​မည်။ ရေ​ယာဉ်​မှူး​အား​လုံး၊ အ​ရပ်​ရပ်​သို့​ရွက်​လွှင့်​တတ်​သော​သူ​အ​ပေါင်း​တို့​နှင့် သင်္ဘော​သား​များ၊ ပင်​လယ်​ထဲ​၌​အ​လုပ်​လုပ်​နေ​သူ​ရှိ​သ​မျှ​တို့​သည်​လည်း အ​ဝေး​မှ​ရပ်​လျက်

18 သူ့​ကို​လောင်​ကျွမ်း​နေ​သော​မီး​မှ မီး​ခိုး​များ​ကို​မြင်​၍ ‘မည်​သည့်​မြို့​သည် ဤ​ကြီး​မား​သော​မြို့​နှင့်​တူ​သ​နည်း’​ဟု အော်​ဟစ်​ကြ​လိမ့်​မည်။

19 သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​သို့​ပစ်​တင်​၍ ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​ကာ ‘မိ​မိ​၏​အ​ဖိုး​တန်​ပစ္စည်း​များ​ကြောင့် ပင်​လယ်​ထဲ​ရှိ​သင်္ဘော​များ​ကို ပိုင်​ဆိုင်​သူ​ရှိ​သ​မျှ​တို့​အား ချမ်း​သာ​စေ​ခဲ့​သည့် ကြီး​မား​သော​မြို့၊ သင်​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း​၌ လုံး​လုံး​ဖျက်​ဆီး​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား’​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။

20 ကောင်း​ကင်​မှ​စ​၍ သန့်​ရှင်း​သူ​များ၊ တ​မန်​တော်​များ​နှင့် ပ​ရော​ဖက်​များ​တို့၊ ထို​မြို့​၏​အ​ဖြစ်​ကြောင့် ပျော်​ရွှင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အ​ပေါ် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​သက်​ရောက်​စေ​တော်​မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

ဘေ​ဘီ​လုံ​မြို့​၏​နိ​ဂုံး

21 ထို့​နောက် ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​မား​သည့်​ကြိတ်​ဆုံ​ကဲ့​သို့​သော​ကျောက်​တုံး​တစ်​တုံး​ကို​ချီ​ယူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကာ “ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ဤ​ကဲ့​သို့ ကြမ်း​တမ်း​စွာ​ပစ်​ချ​ခြင်း​ကို​ခံ​ရ​၍ လုံး​ဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။

22 စောင်း​သ​မား၊ တေး​ဂီ​တ​သ​မား၊ ပ​လွေ​သ​မား၊ တံ​ပိုး​ခ​ရာ​သ​မား​တို့​၏​တီး​မှုတ်​သံ​ကို သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အ​မျိုး​မျိုး​သော​လက်​မှု​ပ​ညာ​တတ်​ကျွမ်း​သော မည်​သည့်​လက်​မှု​ပ​ညာ​သည်​ကို​မျှ သင့်​အ​ထဲ​၌ လုံး​ဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။

23 ဆီ​မီး​၏​အ​လင်း​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ထွန်း​လင်း​တော့​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့​သား​နှင့်​သ​တို့​သ​မီး​တို့​၏​အ​သံ​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား သင်​၏​ကုန်​သည်​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​မှူး​ကြီး​မတ်​ရာ​များ​ဖြစ်​ကြ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း သင်​၏​ပြု​စား​ခြင်း​ဖြင့် လှည့်​ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။

24 ပ​ရော​ဖက်​များ၊ သန့်​ရှင်း​သူ​များ​နှင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​သေ​သတ်​ခြင်း​ခံ​ခဲ့​ရ​သော​သူ​အ​ပေါင်း​တို့​၏​သွေး​ကို​လည်း ထို​မြို့​၌​တွေ့​ရ​၏”​ဟု ဆို​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22