ဗျာ​ဒိတ်​ကျမ်း 4 MSB

ကောင်း​ကင်​မှ ပလ္လင်​တော်

1 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ကောင်း​ကင်​၌​ဖွင့်​ထား​သည့်​တံ​ခါး​တစ်​ခု​ရှိ​၏။ ထို​အ​ခါ ပ​ထ​မ​ဦး​စွာ ငါ့​အား​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့​သော​အ​သံ​က “ဤ​အ​ရပ်​သို့​တက်​လာ​လော့။ ဤ​အ​ဖြစ်​အ​ပျက်​များ​နောက်​တွင် ဖြစ်​ပျက်​ရ​မည့်​အ​ရာ​တို့​ကို သင့်​အား ငါ​ပြ​မည်”​ဟု ဆို​၏။

2 ငါ​သည် ချက်​ချင်း​ပင် ဝိ​ညာဉ်​တော်​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်း​ကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်​ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်​တွင် ထိုင်​နေ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။

3 ထိုင်​နေ​တော်​မူ​သော​ထို​အ​ရှင်​သည် န​ဂါး​သွဲ့​နှင့်​ပတ္တ​မြား​ကျောက်​ကဲ့​သို့​သော​အ​ဆင်း​အ​ရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်​လည်​တွင် မြ​ကဲ့​သို့​သော​အ​ဆင်း​အ​ရောင်​ရှိ​သည့် သက်​တံ​ရှိ​၏။

4 ပလ္လင်​တော်​၏​ပတ်​ဝန်း​ကျင်​၌​ကား အ​ခြား​သော​ပလ္လင်​နှစ်​ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်​တွင် ဖြူ​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​လျက် ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​ထား​သည့် သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။

5 ပလ္လင်​တော်​အ​ထဲ​မှ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း​နှင့် မိုး​ချုန်း​ခြင်း​များ​ဖြစ်​ပေါ်​လေ​၏။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​သော မီး​ခွက်​ခု​နစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်​လောင်​လျက်​ရှိ​၏။

6 ထို့​ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သ​လင်း​နှင့်​တူ​သည့် ဖန်​ပင်​လယ်​ကဲ့​သို့​သော​အ​ရာ​ရှိ​၏။ ပလ္လင်​တော်​၏​အ​လယ်​နှင့် ပလ္လင်​တော်​ပတ်​လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်​စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။

7 ပ​ထ​မ​သတ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒု​တိ​ယ​သတ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​ကား လူ​နှင့်​တူ​သော​မျက်​နှာ​ရှိ​၍ စ​တုတ္ထ​သတ္တ​ဝါ​သည် ပျံ​သန်း​နေ​သော​လင်း​ယုန်​နှင့်​တူ​၏။

8 ထို​သတ္တ​ဝါ​လေး​ပါး​အ​သီး​သီး​တို့​တွင် တောင်​ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်​ပတ်​လည်​နှင့်​အ​တွင်း​ဘက်​၌ မျက်​စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်​နား​ခြင်း​မ​ရှိ​ဘဲ “ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​လျက် နောင်​အ​ခါ​ကြွ​လာ​မည့် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ​၏။ သန့်​ရှင်း​တော်​မူ​၏။ သန့်​ရှင်း​တော်​မူ​၏”​ဟု ကြွေး​ကြော်​နေ​ကြ​၏။

9 ထို​သို့ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေး​ဇူး​တော်​တို့​ကို သတ္တ​ဝါ​လေး​ပါး​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ

10 သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​၌ ပျပ်​ဝပ်​လျက် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကာ မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီး​လျှင်

11 “အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည် ကိုယ်​တော်​၏​အ​လို​တော်​အား​ဖြင့်​ဖြစ်​တည်​၍ ဖန်​ဆင်း​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်​ခိုး​တော်​တို့​ကို ခံ​ယူ​ထိုက်​တော်​မူ​၏”​ဟု ဆို​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22