ဗျာ​ဒိတ်​ကျမ်း 8 MSB

သတ္တ​မ​တံ​ဆိပ်

1 သိုး​သ​ငယ်​တော်​သည် သတ္တ​မ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ကောင်း​ကင်​၌ နာ​ရီ​ဝက်​ခန့်​မျှ ဆိတ်​ငြိမ်​ခြင်း​ရှိ​၏။

2 ထို့​နောက် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ပေး​ထား​၏။

3 တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နံ့​သာ​ပူ​ဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်​ပလ္လင်​အ​နား​သို့​လာ​၍​ရပ်​လေ​ရာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​ပေါင်း​စပ်​၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်​ပလ္လင်​ပေါ်​တွင်​ဆက်​ကပ်​ရန် များ​စွာ​သော​နံ့​သာ​ပေါင်း​ကို သူ့​အား​ပေး​လေ​၏။

4 ထို​အ​ခါ နံ့​သာ​ပေါင်း​၏​အ​ခိုး​အ​ငွေ့​သည် သန့်​ရှင်း​သူ​တို့​၏​ဆု​တောင်း​ချက်​များ​နှင့်​အ​တူ ကောင်း​ကင်​တ​မန်​၏​လက်​ထဲ​မှ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။

5 ထို့​နောက် ထို​ကောင်း​ကင်​တ​မန်​သည် နံ့​သာ​ပူ​ဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်​ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီး​လျှင် မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​လိုက်​ရာ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း၊ မိုး​ချုန်း​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ ဖြစ်​ပေါ်​လေ​၏။

6 ထို​အ​ခါ တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရန် ပြင်​ဆင်​ကြ​၏။

ပ​ထ​မ​တံ​ပိုး​ခ​ရာ

7 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ သွေး​နှင့်​ရော​နှော​သော မိုး​သီး​နှင့်​မီး​တို့​ဖြစ်​ပေါ်​လာ​၍ မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ​သည် လောင်​ကျွမ်း​၍ သစ်​ပင်​များ​၏​သုံး​ပုံ​တစ်​ပုံ​နှင့် စိမ်း​လန်း​သော​မြက်​ပင်​ရှိ​သ​မျှ​တို့​သည်​လည်း လောင်​ကျွမ်း​သွား​၏။

ဒု​တိ​ယ​တံ​ပိုး​ခ​ရာ

8 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ မီး​တောက်​လောင်​နေ​သည့် ကြီး​မား​သော​တောင်​ကဲ့​သို့​သော​အ​ရာ​သည် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ ပင်​လယ်​သုံး​ပုံ​တစ်​ပုံ​သည် သွေး​ဖြစ်​သွား​သ​ဖြင့်

9 ပင်​လယ်​၌​ရှိ​သော သက်​ရှိ​သတ္တ​ဝါ​သုံး​ပုံ​တစ်​ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံး​ပုံ​တစ်​ပုံ​သည်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

တ​တိ​ယ​တံ​ပိုး​ခ​ရာ

10 တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ မီး​ရှူး​သ​ဖွယ်​တောက်​လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်း​ကင်​မှ​ကြွေ​ကျ​၍ မြစ်​များ​၏​သုံး​ပုံ​တစ်​ပုံ​အ​ပေါ်​နှင့် စမ်း​ရေ​တွင်း​များ​အ​ပေါ်​သို့ ကျ​လေ​၏။

11 ထို​ကြယ်​၏​အ​မည်​ကား ဒေါ​န​ဟူ​၍​ဖြစ်​ပြီး ရေ​၏​သုံး​ပုံ​တစ်​ပုံ​သည် ဒေါ​န​ကဲ့​သို့​ခါး​သွား​၏။ ရေ​ခါး​သ​ဖြင့် ထို​ရေ​ကြောင့် များ​စွာ​သော​လူ​တို့​သည် သေ​ကြ​၏။

စ​တုတ္ထ​တံ​ပိုး​ခ​ရာ

12 စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ​တစ်​ပုံ၊ ကြယ်​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့​သည် ထိ​ပါး​တိုက်​ခိုက်​ခြင်း​ခံ​ရ​သ​ဖြင့် ၎င်း​တို့​၏​သုံး​ပုံ​တစ်​ပုံ​သည် မှောင်​မည်း​သွား​လေ​၏။ နေ့​၏​သုံး​ပုံ​တစ်​ပုံ​သည်​လည်း အ​လင်း​ရောင်​ကွယ်​ပျောက်​လျက် ည​သည်​လည်း ထို​နည်း​တူ​ဖြစ်​၏။

13 ထို့​နောက် ငါ​ကြည့်​လျှင် ကောင်း​ကင်​အ​လယ်​တွင် ပျံ​သန်း​နေ​သော​လင်း​ယုန်​တစ်​ကောင်​က “ကောင်း​ကင်​တ​မန်​သုံး​ပါး​တို့​မှုတ်​တော့​မည့် ကျန်​ရှိ​သော​တံ​ပိုး​ခ​ရာ​တို့​၏​အ​သံ​ကြောင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​သော​သူ​တို့​သည် အမင်္ဂ​လာ၊ အမင်္ဂ​လာ၊ အမင်္ဂ​လာ​ရှိ​ကြ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22