ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1:14-20 MSB

14 အာ​ဒံ​မှ ခု​နစ်​ဆက်​မြောက်​သော​မျိုး​ဆက်​ဖြစ်​သည့် ဧ​နောက်​သည်​လည်း သူ​တို့​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​လျက် “ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​တိုင်း​မ​သိ​များ​စွာ​သော မိ​မိ​၏​သန့်​ရှင်း​သူ​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လိမ့်​မည်။

15 ဤ​သည်​ကား လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​ရန်​နှင့် ဘု​ရား​တ​ရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​အ​မှု​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​တ​ရား​မဲ့​သော​အ​ပြစ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​သည့် ပြင်း​ထန်​သော​စ​ကား​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း သူ​တို့​အား​လုံး​၏​အ​ပြစ်​ကို​ဖော်​ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

16 သူ​တို့​သည် ညည်း​ညူ​တတ်​သော​သူ၊ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိ​မိ​တို့​၏​တပ်​မက်​ခြင်း​အ​တိုင်း လျှောက်​လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့​ထွင်​ဝါ​ကြွား​ပြော​ဆို​တတ်​၍ ကိုယ်​ကျိုး​အ​တွက် လူ​တို့​ကို​မြှောက်​ပင့်​တတ်​ကြ​၏။

17 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​များ ကြို​တင်​ပြော​ထား​ခဲ့​သော​စ​ကား​တို့​ကို သ​တိ​ရ​ကြ​လော့။

18 သူ​တို့​က “နောက်​ဆုံး​သော​ကာ​လ​၌ မိ​မိ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သော တပ်​မက်​ခြင်း​များ​အ​တိုင်း​လျှောက်​လှမ်း​သည့် ပြက်​ရယ်​ပြု​တတ်​သော​သူ​များ ပေါ်​လာ​ကြ​လိမ့်​မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။

19 ထို​သူ​တို့​သည် ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာ​တိ​နှင့်​ဆိုင်​သော​သူ၊ ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

20 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား မိ​မိ​တို့​၏​အ​လွန်​သန့်​ရှင်း​သော​ယုံ​ကြည်​ခြင်း​အ​ပေါ်​၌ မိ​မိ​တို့​ကိုယ်​ကို​တည်​ဆောက်​လျက် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း​ကြ​လော့။