သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:1-7 MSB

1 ပေါ​လု၊ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌​တည်​သော သက်​သာ​လော​နိတ်​မြို့​သား​တို့​၏​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

3 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​တွက် ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​သင့်​၏။ ထို​သို့​ပြု​ခြင်း​သည်​လည်း သင့်​လျော်​ပေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား​၍ အ​ချင်း​ချင်း​အ​ပေါ်​၌​ထား​သော သင်​တို့​တစ်​ဦး​စီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွား​များ​လျက်​ရှိ​၏။

4 သို့​ဖြစ်​၍ သင်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ​ခြင်း​ရှိ​သ​မျှ​တို့​၌​ထင်​ရှား​သော သင်​တို့​၏​သည်း​ခံ​ခြင်း​နှင့် ယုံ​ကြည်​ခြင်း​တို့​အ​တွက် ငါ​တို့​ကိုယ်​တိုင် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​တွင် သင်​တို့​အ​ကြောင်း​ကို ဝါ​ကြွား​ကြ​၏။

5 ဤ​သည်​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​သော​သင်​တို့​ကို ထို​နိုင်​ငံ​တော်​နှင့်​ထိုက်​တန်​သော​သူ​ဖြစ်​စေ​ရန် စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သည့်​တ​ရား​စီ​ရင်​ခြင်း​ကို ထင်​ရှား​စေ​သော​အ​ထောက်​အ​ထား​ဖြစ်​၏။

6 သ​ခင်​ယေ​ရှု​သည် မီး​လျှံ​ထဲ​၌ မိ​မိ​၏​တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ မိုး​ကောင်း​ကင်​မှ​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ သင်​တို့​ကို ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊

7 ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​သင်​တို့​အား ငါ​တို့​နှင့်​အ​တူ​သက်​သာ​ခွင့်​ကို​လည်း​ကောင်း ပြန်​၍​ခံ​စား​စေ​မည့်​အ​မှု​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မှန်​ပင်​တ​ရား​မျှ​တ​သော​အ​မှု​ဖြစ်​၏။