သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2 MSB

တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သော​သူ

1 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​တော်​၏​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ကိုယ်​တော်​ထံ​၌ ငါ​တို့​အ​တူ​တ​ကွ​စု​ဝေး​ခြင်း​အ​ကြောင်း​တို့​နှင့်​ပတ်​သက်​၍

2 ဝိ​ညာဉ်​အား​ဖြင့်​ဖြစ်​စေ၊ နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ ငါ​တို့​စာ​ကဲ့​သို့​သော​စာ​အား​ဖြင့်​ဖြစ်​စေ သ​ခင်​ဘု​ရား​၏​နေ့​ရက်​ကျ​ရောက်​ပြီ​ဖြစ်​သည့်​ပုံ​မျိုး​ပြော​ဆို​ကြ​သော်​လည်း စိတ်​ထဲ​၌ အ​လျင်​အ​မြန်​တုန်​လှုပ်​ခြင်း သို့​မ​ဟုတ် စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​ရန် သင်​တို့​အား ငါ​တို့​တောင်း​ပန်​ကြ​၏။

3 မည်​သူ​မျှ သင်​တို့​ကို မည်​သည့်​နည်း​နှင့်​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် ဖောက်​ပြန်​သွေ​ဖည်​မှု​သည် ဦး​စွာ​ဖြစ်​လာ​၍ ပျက်​စီး​ခြင်း​၏​သား​တည်း​ဟူ​သော တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သော​သူ​သည် ထင်​ရှား​မ​လာ​မီ ထို​နေ့​ရက်​သည် ရောက်​လာ​မည်​မ​ဟုတ်။

4 ထို​သူ​သည် ဘု​ရား​ဟု​ခေါ်​ဝေါ်​သော​အ​ရာ​နှင့် ကိုး​ကွယ်​ခြင်း​ခံ​ရ​သော​အ​ရာ​အား​လုံး​ကို ဆန့်​ကျင်​လျက် ၎င်း​တို့​အ​ပေါ် မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ကာ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌​ထိုင်​၍ မိ​မိ​ကိုယ်​ကို​ဘု​ရား​ဖြစ်​သည်​ဟု ကြေ​ညာ​လိမ့်​မည်။

5 သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​က ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။

6 ထို​သူ​ကို မိ​မိ​အ​ချိန်​အ​ခါ​၌​ထင်​ရှား​စေ​ရန် ယ​ခု သူ့​ကို​တား​ဆီး​ထား​သော​သူ​ရှိ​ကြောင်း သင်​တို့​သိ​ကြ​၏။

7 အ​ကြောင်း​မူ​ကား တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် လှုပ်​ရှား​နေ​ပြီ​ဖြစ်​၏။ သို့​သော် ယ​ခု​တား​ဆီး​ထား​သော​သူ​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​သည်​အ​ထိ တား​ဆီး​လိမ့်​မည်။

8 ထို့​နောက် တ​ရား​မဲ့​သော​သူ​သည် ထင်​ရှား​လာ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် ထို​သူ​ကို မိ​မိ​နှုတ်​တော်​မှ​ထွက်​သက်​လေ​အား​ဖြင့် ကွပ်​မျက်​၍ မိ​မိ​ကြွ​လာ​တော်​မူ​ခြင်း​၏​ရောင်​ခြည်​အား​ဖြင့် ပယ်​ဖျက်​တော်​မူ​လိမ့်​မည်။

9 တ​ရား​မဲ့​သော​သူ​သည် စာ​တန်​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ရောက်​ရှိ​လာ​မည်​ဖြစ်​၍ လိမ်​လည်​ခြင်း​နှင့်​ဆိုင်​သော​တန်​ခိုး၊ နိ​မိတ်​လက္ခ​ဏာ​နှင့် အံ့​ဩ​ဖွယ်​ရာ​အ​မျိုး​မျိုး​တို့​ဖြင့်​လည်း​ကောင်း၊

10 ပျက်​စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အ​တွက် မ​တ​ရား​မှု​နှင့်​ဆိုင်​သော​လှည့်​ဖြား​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့်​လည်း​ကောင်း ရောက်​ရှိ​လာ​မည်။ သူ​တို့​ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​သည်​မှာ မိ​မိ​တို့​အား​ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သည့်​သမ္မာ​တ​ရား​ကို​ချစ်​ရန် ငြင်း​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။

11 ထို့​ကြောင့် လိမ်​လည်​မှု​ကို သူ​တို့​ယုံ​ကြည်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် လှည့်​ဖြား​ခြင်း​တန်​ခိုး​ကို သူ​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။

12 ဤ​သည်​ကား သမ္မာ​တ​ရား​ကို​မ​ယုံ​ကြည်​ဘဲ မ​တ​ရား​မှု​ကို​နှစ်​သက်​သော​သူ​အား​လုံး စီ​ရင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း​တည်း။

ခိုင်​မြဲ​စွာ​ရပ်​တည်​ရန် မှာ​ကြား​ခြင်း

13 သို့​သော် သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​တွက် ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​သင့်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့်​သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ သမ္မာ​တ​ရား​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​ရန်​အ​တွက် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​သီး​ဦး​အ​ဖြစ် ရွေး​ကောက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

14 ဤ​ရည်​ရွယ်​ချက်​အ​တွက် ဘု​ရား​သ​ခင်​သည် ငါ​တို့​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် သင်​တို့​ကို ခေါ်​ယူ​တော်​မူ​၏။ ဤ​သည်​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​ရ​ရှိ​ရန်​အ​တွက်​ဖြစ်​၏။

15 ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ငါ​တို့​၏​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ သင်​တို့​သင်​ယူ​ထား​သော​ဓ​လေ့​ထုံး​တမ်း​ကို စွဲ​ကိုင်​ထား​ကြ​လော့။

16 ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကိုယ်​တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့် ထာ​ဝ​ရ​နှစ်​သိမ့်​ခြင်း​နှင့် ကောင်း​မြတ်​သော​မျှော်​လင့်​ခြင်း​တို့​ကို​ပေး​တော်​မူ​သော ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည်

17 သင်​တို့​၏​စိတ်​နှ​လုံး​ကို နှစ်​သိမ့်​ပေး​၍ ကောင်း​သော​စ​ကား​နှင့်​ကောင်း​သော​အ​မှု​အ​လုံး​စုံ​တို့​၌ သင်​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။

အခန်းကြီး

1 2 3