သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:8-12 MSB

8 ထို​အ​ခါ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကောင်း​မြတ်​သော​သ​တင်း​ကို မ​နာ​ခံ​သော​သူ​တို့​အား တ​ရား​သ​ဖြင့်​စီ​ရင်​တော်​မူ​လိမ့်​မည်။

9 ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​ဘုန်း​အ​သ​ရေ​တော်​မှ​လည်း​ကောင်း ဖယ်​ရှား​ခြင်း​ခံ​ရ​လျက် ထာ​ဝ​ရ​ပျက်​စီး​ခြင်း​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။

10 ထို​နေ့​၌ ကိုယ်​တော်​သည် မိ​မိ​၏​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​ခြင်း​ကို​ခံ​ရ​ပြီး ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​ယုံ​ကြည်​ကြ​သည်​ဖြစ်​၍ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​၏​အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11 ထို့​ကြောင့် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ထိုက်​တန်​သော​သူ​များ​ဖြစ်​စေ​၍ ကောင်း​မြတ်​သော​အ​မှု​ကို​ပြု​လို​သော​စေ​တ​နာ​စိတ်​ရှိ​သ​မျှ​နှင့် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု​တို့​ကို တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​၌​ပြည့်​စုံ​စေ​တော်​မူ​မည့်​အ​ကြောင်း သင်​တို့​အ​တွက် ငါ​တို့​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​၏။

12 ဤ​သည်​ကား ငါ​တို့​၏​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်​ရှား​စေ​ခြင်း​ကို​ခံ​ရ​လျက် သင်​တို့​သည်​လည်း ကိုယ်​တော်​၌​ဘုန်း​ထင်​ရှား​စေ​ခြင်း​ကို​ခံ​ရ​မည့်​အ​ကြောင်း​တည်း။