သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:10-16 MSB

10 ပျက်​စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အ​တွက် မ​တ​ရား​မှု​နှင့်​ဆိုင်​သော​လှည့်​ဖြား​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့်​လည်း​ကောင်း ရောက်​ရှိ​လာ​မည်။ သူ​တို့​ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​သည်​မှာ မိ​မိ​တို့​အား​ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သည့်​သမ္မာ​တ​ရား​ကို​ချစ်​ရန် ငြင်း​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။

11 ထို့​ကြောင့် လိမ်​လည်​မှု​ကို သူ​တို့​ယုံ​ကြည်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် လှည့်​ဖြား​ခြင်း​တန်​ခိုး​ကို သူ​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။

12 ဤ​သည်​ကား သမ္မာ​တ​ရား​ကို​မ​ယုံ​ကြည်​ဘဲ မ​တ​ရား​မှု​ကို​နှစ်​သက်​သော​သူ​အား​လုံး စီ​ရင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း​တည်း။

13 သို့​သော် သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​တွက် ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​သင့်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့်​သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ သမ္မာ​တ​ရား​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​ရန်​အ​တွက် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​သီး​ဦး​အ​ဖြစ် ရွေး​ကောက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

14 ဤ​ရည်​ရွယ်​ချက်​အ​တွက် ဘု​ရား​သ​ခင်​သည် ငါ​တို့​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် သင်​တို့​ကို ခေါ်​ယူ​တော်​မူ​၏။ ဤ​သည်​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​ရ​ရှိ​ရန်​အ​တွက်​ဖြစ်​၏။

15 ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ငါ​တို့​၏​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ သင်​တို့​သင်​ယူ​ထား​သော​ဓ​လေ့​ထုံး​တမ်း​ကို စွဲ​ကိုင်​ထား​ကြ​လော့။

16 ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကိုယ်​တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့် ထာ​ဝ​ရ​နှစ်​သိမ့်​ခြင်း​နှင့် ကောင်း​မြတ်​သော​မျှော်​လင့်​ခြင်း​တို့​ကို​ပေး​တော်​မူ​သော ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည်