4 ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
5 သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။
6 ထိုသူကို မိမိအချိန်အခါ၌ထင်ရှားစေရန် ယခု သူ့ကိုတားဆီးထားသောသူရှိကြောင်း သင်တို့သိကြ၏။
7 အကြောင်းမူကား တရားမဲ့ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာသည် လှုပ်ရှားနေပြီဖြစ်၏။ သို့သော် ယခုတားဆီးထားသောသူသည် ဖယ်ရှားခြင်းခံရသည်အထိ တားဆီးလိမ့်မည်။
8 ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။
9 တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ လိမ်လည်ခြင်းနှင့်ဆိုင်သောတန်ခိုး၊ နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်ရာအမျိုးမျိုးတို့ဖြင့်လည်းကောင်း၊
10 ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်ကြသည်မှာ မိမိတို့အားကယ်တင်ခြင်းရရှိစေသည့်သမ္မာတရားကိုချစ်ရန် ငြင်းပယ်ကြသောကြောင့်ဖြစ်၏။