သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:5-11 MSB

5 သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​က ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။

6 ထို​သူ​ကို မိ​မိ​အ​ချိန်​အ​ခါ​၌​ထင်​ရှား​စေ​ရန် ယ​ခု သူ့​ကို​တား​ဆီး​ထား​သော​သူ​ရှိ​ကြောင်း သင်​တို့​သိ​ကြ​၏။

7 အ​ကြောင်း​မူ​ကား တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် လှုပ်​ရှား​နေ​ပြီ​ဖြစ်​၏။ သို့​သော် ယ​ခု​တား​ဆီး​ထား​သော​သူ​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​သည်​အ​ထိ တား​ဆီး​လိမ့်​မည်။

8 ထို့​နောက် တ​ရား​မဲ့​သော​သူ​သည် ထင်​ရှား​လာ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် ထို​သူ​ကို မိ​မိ​နှုတ်​တော်​မှ​ထွက်​သက်​လေ​အား​ဖြင့် ကွပ်​မျက်​၍ မိ​မိ​ကြွ​လာ​တော်​မူ​ခြင်း​၏​ရောင်​ခြည်​အား​ဖြင့် ပယ်​ဖျက်​တော်​မူ​လိမ့်​မည်။

9 တ​ရား​မဲ့​သော​သူ​သည် စာ​တန်​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ရောက်​ရှိ​လာ​မည်​ဖြစ်​၍ လိမ်​လည်​ခြင်း​နှင့်​ဆိုင်​သော​တန်​ခိုး၊ နိ​မိတ်​လက္ခ​ဏာ​နှင့် အံ့​ဩ​ဖွယ်​ရာ​အ​မျိုး​မျိုး​တို့​ဖြင့်​လည်း​ကောင်း၊

10 ပျက်​စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အ​တွက် မ​တ​ရား​မှု​နှင့်​ဆိုင်​သော​လှည့်​ဖြား​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့်​လည်း​ကောင်း ရောက်​ရှိ​လာ​မည်။ သူ​တို့​ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​သည်​မှာ မိ​မိ​တို့​အား​ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သည့်​သမ္မာ​တ​ရား​ကို​ချစ်​ရန် ငြင်း​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။

11 ထို့​ကြောင့် လိမ်​လည်​မှု​ကို သူ​တို့​ယုံ​ကြည်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် လှည့်​ဖြား​ခြင်း​တန်​ခိုး​ကို သူ​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။