သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:1-5 MSB

1 နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၌​ဖြစ်​သ​ကဲ့​သို့ လျင်​မြန်​စွာ​ပျံ့​နှံ့​၍ ဘုန်း​တော်​ထင်​ရှား​မည့်​အ​ကြောင်း​နှင့်

2 ငါ​တို့​သည် ကောက်​ကျစ်​၍​ဆိုး​ညစ်​သော​လူ​တို့​လက်​မှ ကယ်​နုတ်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း ငါ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​တိုင်း​၌ ယုံ​ကြည်​ခြင်း​ရှိ​သည်​မ​ဟုတ်။

3 သို့​သော် သ​ခင်​ဘု​ရား​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​သည် သင်​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၍ ဆိုး​ညစ်​သော​သူ​ထံ​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

4 သင်​တို့​သည် ငါ​တို့​ညွှန်​ကြား​သည့်​အ​ရာ​များ​ကို ယ​ခု​ဆောင်​ရွက်​နေ​ကြ​၏။ ဆက်​၍​လည်း ဆောင်​ရွက်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​အ​ပေါ် ငါ​တို့​ယုံ​ကြည်​စိတ်​ချ​ကြ​၏။

5 သ​ခင်​ဘု​ရား​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခ​ရစ်​တော်​၏​သည်း​ခံ​ခြင်း​ထဲ​သို့ ပို့​ဆောင်​တော်​မူ​ပါ​စေ​သော။