သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:9-15 MSB

9 ထို​သို့​ပြု​ခြင်း​မှာ ငါ​တို့​၌ အ​ခွင့်​မ​ရှိ​သော​ကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အ​တု​ယူ​နိုင်​ရန် ငါ​တို့​ကိုယ်​တိုင် သင်​တို့​အား စံ​န​မူ​နာ​ပြ​လို​သော​ကြောင့်​သာ​ဖြစ်​၏။

10 အ​ကြောင်း​မူ​ကား သင်​တို့​နှင့်​အ​တူ ငါ​တို့​ရှိ​စဉ်​က မည်​သူ​မ​ဆို အ​လုပ်​မ​လုပ်​လို​လျှင် အ​စာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်​ကြား​ထား​၏။

11 သို့​သော် သင်​တို့​ထဲ​တွင် အ​ချို့​တို့​သည် စည်း​မဲ့​ကမ်း​မဲ့​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​လုပ်​မ​လုပ်​ဘဲ သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။

12 ထို​သို့​သော​သူ​တို့​သည် ကိုယ့်​ထ​မင်း​ကိုယ်​စား​နိုင်​ရန်​အ​တွက် အေး​ဆေး​တည်​ငြိမ်​စွာ​အ​လုပ်​လုပ်​ကြ​ရန် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌ ငါ​တို့​ညွှန်​ကြား​လျက် တိုက်​တွန်း​နှိုး​ဆော်​ကြ​ပါ​၏။

13 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။

14 တစ်​စုံ​တစ်​ယောက်​သည် ဤ​စာ​အား​ဖြင့် ငါ​တို့​မှာ​ကြား​သော​စ​ကား​ကို​နား​မ​ထောင်​လျှင် ထို​သူ​အား အ​ရှက်​ရ​စေ​ရန် သူ့​ကို​မှတ်​ထား​လျက် သူ​နှင့်​အ​ပေါင်း​အ​ဖော်​မ​ပြု​ကြ​နှင့်။

15 သို့​သော် သူ့​ကို ရန်​သူ​ကဲ့​သို့​မ​မှတ်​ယူ​ဘဲ ညီ​အစ်​ကို​ကဲ့​သို့ သ​တိ​ပေး​ဆုံး​မ​ကြ​လော့။