ဟေ​ဗြဲ 1:6-12 BCL

6 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​ဦး​ကို လော​က​သို့​စေ​လွှတ်​တော်​မူ​မည်​ပြု​သော​အ​ခါ``ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့ သည် ထို​သူ​အား​ရှိ​ခိုး​ဝတ်​ပြု​ရကြ​မည်''ဟု​မိန့်​တော်​မူ​၏။-

7 ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏''ဟု​မိန့်​တော်​မူ​၏။-

8 သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။

9 ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည်ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်''ဟု​မိန့်​တော်​မူ​၏။-

10 ထို​နောက်​ကိုယ်​တော်​က၊``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

11 ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။

12 ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။