1 အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-
2 သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။-
3 သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
4 သားတော်အားဘုရားသခင်ပေးအပ်တော်မူ သောဘွဲ့နာမတော်သည် ကောင်းကင်တမန်တို့၏ အမည်နာမထက်ကြီးမြတ်တော်မူသည်နည်းတူ သားတော်သည်ကောင်းကင်တမန်များထက်သာ လွန်ကြီးမြတ်တော်မူပေသည်။-
5 ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ``သင်သည်ငါ၏သားဖြစ်၏။ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်းမိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-
6 သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်''ဟုမိန့်တော်မူ၏။-
7 ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏''ဟုမိန့်တော်မူ၏။-
8 သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။
9 ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည်ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်''ဟုမိန့်တော်မူ၏။-
10 ထိုနောက်ကိုယ်တော်က၊``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။
11 ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။
12 ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။
13 ဘုရားသခင်က၊``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ငါ၏လက်ယာဘက်တွင်ထိုင်နေလော့''ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
14 ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။