ဟေ​ဗြဲ 3:15-19 BCL

15 ကျမ်း​စာ​တော်​က၊``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင်ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်''ဟု​ဖော်​ပြ​ပေ​သည်။-

16 ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-

17 နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​ရှ​ခြင်း​ကို​ခံ​ရ​သူ​တို့​ကား အ​ဘယ်​သူ​များ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ပြု သ​ဖြင့် တော​ကန္တာ​ရ​တွင်​လဲ​၍​သေ​ဆုံး​သူ များ​ဖြစ်​၏။-

18 ``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။-

19 သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။