ဟေ​ဗြဲ 3:5-11 BCL

5 မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။-

6 ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

7 သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင်

8 ခေါင်း​မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည် ကိုယ်​တော်​အား​ပုန်​ကန်​၍တော​ကန္တာ​ရ​တွင်​ကိုယ်​တော်​ကို​အ​ကဲ​စမ်း​ကြ​၏။သူ​တို့​ခေါင်း​မာ​ကြ​သ​ကဲ့​သို့​သင်​တို့​ခေါင်း မ​မာ​ကြ​နှင့်။

9 သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင်ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။

10 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။

11 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်'ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''