7 သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင်
8 ခေါင်းမမာကြနှင့်။ သင်တို့ဘိုးဘေးများသည် ကိုယ်တော်အားပုန်ကန်၍တောကန္တာရတွင်ကိုယ်တော်ကိုအကဲစမ်းကြ၏။သူတို့ခေါင်းမာကြသကဲ့သို့သင်တို့ခေါင်း မမာကြနှင့်။
9 သင်တို့ဘိုးဘေးများသည်အနှစ်လေးဆယ်တိုင် တိုင်ငါပြုတော်မူသောအမှုကိုတွေ့မြင်ခဲ့သော်လည်း ငါ့ကိုဆန့်ကျင်၍အကဲစမ်းကြ၏။
10 သို့ဖြစ်၍ငါသည်သူတို့အားအမျက်ထွက် သြဖင့် `သူတို့သည်အစဉ်သစ္စာဖောက်ကြ၏။ငါ၏အမိန့်တော်များကိုမလိုက်နာကြ' ဟု ငါဆို၏။
11 ငါသည်အမျက်ထွက်သဖြင့်`သူတို့သည် အဘယ်အခါ၌မျှငြိမ်ဝပ်ရာချမ်းသာကိုခံစားရန်၊ြုပည်တော်သို့ ဝင်ကြရလိမ့်မည်မဟုတ်'ဟုငါကျိန်ဆိုခဲ့၏။''
12 ယုံကြည်သူညီအစ်ကိုတို့၊ အသက်ရှင်တော် မူသောဘုရားသခင်ကိုကျောခိုင်းသွားသည် တိုင်အောင် ဆိုးညစ်ယုံမှားတတ်သူတစ်စုံတစ် ယောက်မျှသင်တို့တွင်မရှိစေရန်သတိပြု ကြလော့။-
13 သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။-