ဟေ​ဗြဲ 4:7-13 BCL

7 ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်''ဟု​မိန့်​တော်​မူ​သည်။

8 အ​ကယ်​၍​ယော​ရှု​ပေး​သည့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​မှာ ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ဖြစ်​ပါ​မူ ဘု​ရား​သ​ခင် သည်​အ​ခြား​နေ့​ရက်​တစ်​ရက်​အ​ကြောင်း​ကို မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။-

9 သို့​ဖြစ်​၍​သတ္တ​မ​နေ့​၌​ဘု​ရား​သ​ခင်​ငြိမ် ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏ လူ​စု​တော်​အ​တွက်​ငြိမ်​ဝပ်​စွာ​နေ​ရန်​နေ့ ရက်​တစ်​ရက်​ရှိ​သေး​၏။-

10 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

11 သို့​ဖြစ်​၍​မ​ယုံ​ကြည်​သ​ဖြင့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​ကို​မ​ရ​ရှိ​သော​သူ​တို့​ကဲ့​သို့ မည်​သူ​မျှ မ​ဖြစ်​စေ​ဘဲ​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ နိုင်​ရန်​ငါ​တို့​သည်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​စို့။

12 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-

13 ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။