19 ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
20-21 ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
22 ``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
23 ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-
24 သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
25 သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
26 ``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-