တ​ရား​ဟော 33 BCL

ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​မော​ရှေ ကောင်း​ချီး​ပေး​ခြင်း

1 ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။

2 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သောကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။

3 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကိုဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။

4 အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။

5 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​ခေါင်း​ဆောင်​များ စု​ရုံး​လျက်​ရှိ​ကြ​သော​အ​ခါ၊ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ် လာ​တော်​မူ​၏။

6 ထို့​နောက်​မော​ရှေ​က​ရု​ဗင်​အ​နွယ်​ကို ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``ရု​ဗင်​အ​နွယ်​သည်​လူ​အင်​အား​နည်း​သော်​လည်း အ​မျိုး​မ​တိမ်​ကော​ပါ​စေ​နှင့်၊''

7 ယု​ဒ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``အို ထာ​ဝရ​ဘု​ရား​ယု​ဒ​အ​နွယ်​ဝင်​တို့​အ​ကူ အ​ညီ တောင်း​လျှောက်​သံ​ကို​နား​ညောင်း​တော်​မူ​ပါ။အ​ခြား​အ​နွယ်​ဝင်​များ​နှင့်​ပြန်​လည် ပေါင်း​စည်း​မိ​စေ​တော်​မူ​ပါ။အို ထာ​ဝရ​ဘု​ရား၊သူ​တို့​အ​တွက်​တိုက်​ခိုက် တော်​မူ​ပါ။သူ​တို့​ဘက်​မှ​ရန်​သူ​များ​ကို​တိုက်​ခိုက်​တော် မူ​ပါ။''

8 လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကိုကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့်သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

9 သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကိုချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကိုလိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။

10 သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အားပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။

11 အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''

12 ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''

13 ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

14 သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

15 သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။

16 မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှမိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည်ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။

17 ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့်ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကိုမြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

18 ဇာ​ဗု​လုန်​နှင့်​ဣသ​ခါ​အ​နွယ်​ကို​ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``ဇာ​ဗု​လုန်​အ​နွယ်​သည်​ပင်​လယ်​ခ​ရီး​ဖြင့် ရောင်း​ဝယ်​ဖောက်​ကား​၍​စီး​ပွား​တိုးတက်​ပါ​စေ။ဣ​သ​ခါ​အ​နွယ်​သည်​မိ​မိ​တို့​နယ်​မြေ​အ​တွင်း​၌ ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​ပါ​စေ။

19 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက်ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်းဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''

20 ဂဒ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``ဂဒ်​အ​နွယ်​၏​နယ်​မြေ​ကို​ကျယ်​ဝန်း​စေ​သော ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ဂဒ်​အ​နွယ်​သည်​ခြင်္သေ့​သ​ဖွယ်​လက်​မောင်း သို့​မ​ဟုတ် ဦး​ခေါင်း​ခွံ​ကို​ကိုက်​ဖြတ်​ရန်​ချောင်း​နေ​၏။

21 သူ​တို့​သည်​အ​ကောင်း​ဆုံး​နယ်​မြေ​ကို​ရွေး​ယူ ကြ​၏။ခေါင်း​ဆောင်​အ​နေ​ဖြင့်​ရ​ထိုက်​သော​နယ်​မြေ​ကို သူ​တို့​အား​ခွဲ​ဝေ​ပေး​ကြ​၏။ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​စု​ရုံး လာ​ကြ​သော​အ​ခါ၊သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​နှင့် ပ​ညတ်​တော်​များ​ကို​လိုက်​နာ​ကြ​၏။''

22 ဒန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ​ဆို​လေ​သည်။``ဒန်​အ​နွယ်​သည်​ခြင်္သေ့​ပျို​ဖြစ်​၍​ဗာ​ရှန်​ပြည်​မှ ခုန်​ပေါက်​၍​ထွက်​လာ​၏။''

23 န​ဿ​လိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။``န​ဿ​လိ​အ​နွယ်​သည်​ထာ​ဝရ​ဘု​ရား​၏ကျေး​ဇူး​တော်​ကြောင့်​ကောင်း​ချီး​မင်္ဂ​လာ ကြွယ်​ဝ​စွာ ခံ​စား​ရ​၏။သူ​တို့​၏​နယ်​မြေ​သည်​ဂါ​လိ​လဲ​အိုင်​မှ တောင်​ဘက်​အ​ထိ​ကျယ်​ဝန်း​၏။''

24 အာ​ရှာ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို လေ​သည်။``အာ​ရှာ​အ​နွယ်​သည်​အ​ခြား​အ​နွယ်​တို့​ထက် ပို​၍​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​၏။သူ​သည်​ညီ​အစ်​ကို​ချင်း​တို့​တွင်​မျက်​နှာ ပွင့်​လန်း​ဆုံး​ဖြစ်​ပါ​စေ။သူ​၏​နယ်​မြေ​တွင်​ဆီ​ထွက်​သော​သံ​လွင်​ပင် မြောက်​မြား​စွာ​ဖြစ်​ထွန်း​ပါ​စေ။

25 သူ​သည်​မြို့​တို့​ကို​သံ​တံ​ခါး​များ​ဖြင့်​ကာ​ကွယ် ပါ​စေ။သူ​သည်​ထာ​ဝ​စဉ်​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ပါ​စေ။''

26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက်မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။

27 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။

28 သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။

29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဋ္ဌား​ဖြစ်​တော် မူ​၏။သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34