1 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
2 သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
3 သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-
4 သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။''
5-6 ``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
7 သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
8 သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။
9 ``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-
10 ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ကောက်သိမ်း ပွဲတော်ကိုကျင်းပလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့အား ကောင်းချီးပေးတော်မူသည်နှင့်အမျှ စေတနာအလျောက်လှူဖွယ်သကာကို ထိုပွဲတော်သို့ယူဆောင်ဆက်ကပ်လော့။-
11 သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
12 သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
13 ``သင်တို့သည်ကောက်နယ်တလင်းမှစပါးနှင့် ကျင်းထဲမှစပျစ်သီးများကိုနယ်ပြီးသည့် အခါ သစ်သီးသိမ်းပွဲတော်ကိုခုနစ်ရက် ပတ်လုံးကျင်းပရမည်။-
14 သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
15 သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
16-17 ``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
18 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
19 တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
20 သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူသောပြည်ကိုသိမ်းယူ၍ ထို ပြည်တွင်ဆက်လက်နေထိုင်နိုင်အံ့သောငှာ သင်တို့သည်တရားမျှတစွာအစဉ်ပြုမူ ကျင့်ကြံရကြမည်။''
21 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
22 ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''