23 ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-
24 သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
25 သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
26 ``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
27 သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။-
28 ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
29 ``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-