32-33 ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
34 ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
35 ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
36 ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
37 ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
38 သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''
39 ``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။-