တ​ရား​ဟော 12:19-25 BCL

19 သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''

20 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-

21 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-

22 သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-

23 သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-

24 သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-

25 ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-