24 သွေးကိုမစားသုံးရ။ ရေကိုမြေပေါ်မှာသွန် သကဲ့သို့သွေးကိုသွန်ရမည်။-
25 ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
26 သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။-
27 ထိုဝတ်ပြုရာဌာနရှိထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရ မည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်၏သွေးကို သွန်း၍အသားကိုစားရသောယဇ်ကို လည်းပူဇော်ရမည်။-
28 သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
29 ``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။-
30 ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-