တ​ရား​ဟော 14:7-19 BCL

7 ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-

8 ဝက်​သား​ကို​မ​စား​ရ။ ဝက်​သည်​ခွာ​ကွဲ​သော် လည်း​စား​မြုံ့​မ​ပြန်​သော​ကြောင့် မ​သန့်​သော တိ​ရစ္ဆာန်​ဟူ​၍​မှတ်​ရ​မည်။ တား​မြစ်​ထား​သော ဤ​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ယင်း တို့​၏​အ​သေ​ကောင်​များ​ကို​ပင်​လျှင်​မ​ကိုင် တွယ်​ရ။

9 ``သင်​တို့​သည်​ဆူး​တောင်​နှင့်​အကြေး​ရှိ​သော ငါး​ဟူ​သ​မျှ​ကို​စား​နိုင်​သည်။-

10 ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။

11 ``သင်​တို့​သည် သန့်​စင်​သော​ငှက်​ဟူ​သ​မျှ​ကို စား​နိုင်​သည်။-

12-18 သင်​တို့​မ​စား​ရ​သော​ငှက်​များ​သည်​ကား​လင်း ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်​မျိုး၊ လင်း​တ၊ ကျီး၊ ငှက် ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက်​ကျား၊ ဗျိုင်း၊ ငှက် ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ​ဘီး​ငှက်၊ လင်း​နို့ စ​သည်​တို့​ဖြစ်​၏။

19 ``အ​တောင်​ရှိ​သော​ပိုး​မွှား​တို့​သည် မ​သန့်​စင် သော​ကြောင့်​မ​စား​ရ။-