တ​ရား​ဟော 16:4-11 BCL

4 သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင် ခု​နစ်​ရက်​ပတ် လုံး​မည်​သူ​၏​အိမ်​၌​မျှ​တ​ဆေး​မ​ရှိ​စေ​ရ။ ပ​ထ​မ​နေ့​ည​နေ​တွင်​သတ်​သော​တိရစ္ဆာန်​၏ အ​သား​ကို​လည်း ည​တွင်း​ချင်း​ကုန်​အောင် စား​ရ​မည်။''

5-6 ``သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​အ​ခြား​နေ​ရာ များ​တွင် ပ​သ​ခါ​ပွဲ​တော်​အ​တွက်​ယဇ်​ကောင် များ​ကို​မ​သတ်​ရ။ ကိုး​ကွယ်​ရာ​တစ်​ခု​တည်း သော​ဌာ​န​၌​သာ​ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​များ ကို​သတ်​ရ​မည်။ သင်​တို့​သည်​နေ​ဝင်​ချိန်​တွင် အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့​ရ​သည်။ သို့​ဖြစ်​၍ နေ​ဝင်​ချိန်​၌​ယဇ်​ကောင်​များ​ကို​သတ်​ရ​မည်။-

7 သင်​တို့​သည်​ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော ဌာ​န​တွင်​ထို​အ​သား​ကို​ပြုတ်​၍​စား​ပြီး လျှင် နောက်​တစ်​နေ့​နံ​နက်​၌​နေ​အိမ်​သို့ ပြန်​ရ​ကြ​မည်။-

8 သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​တ​ဆေး​မ​ပါ သော​မုန့်​ကို​စား​၍​သတ္တ​မ​နေ့​တွင်​စု​ဝေး​လျက် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။

9 ``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-

10 ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-

11 သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-