7 သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
8 သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။
9 ``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-
10 ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ကောက်သိမ်း ပွဲတော်ကိုကျင်းပလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့အား ကောင်းချီးပေးတော်မူသည်နှင့်အမျှ စေတနာအလျောက်လှူဖွယ်သကာကို ထိုပွဲတော်သို့ယူဆောင်ဆက်ကပ်လော့။-
11 သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
12 သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
13 ``သင်တို့သည်ကောက်နယ်တလင်းမှစပါးနှင့် ကျင်းထဲမှစပျစ်သီးများကိုနယ်ပြီးသည့် အခါ သစ်သီးသိမ်းပွဲတော်ကိုခုနစ်ရက် ပတ်လုံးကျင်းပရမည်။-