တ​ရား​ဟော 18:12-18 BCL

12 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ကဲ့​သို့​သော​ဋ္ဌ​လေ့​ကို​ကျင့်​သော​လူ​မျိုး​များ ကို​ရွံ​ရှာ​တော်​မူ​သော​ကြောင့် သင်​တို့​ချီ​တက် ရာ​လမ်း​ကြောင်း​မှ​သူ​တို့​ကို​နှင်​ထုတ်​လျက် ရှိ​တော်​မူ​၏။-

13 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကြွင်း မဲ့​သစ္စာ​ရှိ​ကြ​လော့'' ဟု​ဆို​၏။

14 ထို့​နောက်​မော​ရှေ​က``သင်​တို့​သိမ်း​ယူ​မည့်​ပြည် တွင်​နေ​ထိုင်​သူ​တို့​သည်​မှော်​ဆ​ရာ၊ ဗေ​ဒင် ဆ​ရာ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​တောင်း​ခံ​လေ့ ရှိ​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​တောင်း​ခံ​ခြင်း ကို​သင်​တို့​အား​ခွင့်​ပြု​တော်​မ​မူ။-

15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​သား​ချင်း ထဲ​မှ ငါ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ကို စေ​လွှတ်​တော်​မူ​မည်​ဖြစ်​ရာ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။''

16 ``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

17 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သူ​တို့ ၏​လျှောက်​ထား​ချက်​သည်​သင့်​မြတ်​ပေ​၏။-

18 ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-