တ​ရား​ဟော 18:17-22 BCL

17 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သူ​တို့ ၏​လျှောက်​ထား​ချက်​သည်​သင့်​မြတ်​ပေ​၏။-

18 ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-

19 သူ​သည်​ငါ​၏​အ​ခွင့်​အာ​ဏာ​နှင့်​ဆင့်​ဆို​လိမ့် မည်။ ထို့​ကြောင့်​သူ​၏​စကား​ကို​နား​မ​ထောင် သော​သူ​အား​ငါ​ဒဏ်​ခတ်​မည်။-

20 ငါ​၏​အ​ခွင့်​အာ​ဏာ​မ​ရ​ဘဲ​နှင့် လူ​တို့​အား ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား​များ​၏​အ​ခွင့်​အာ​ဏာ ဖြင့် ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း သေ​ဒဏ်​ခံ​စေ​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''

21 ``ပ​ရော​ဖက်​တစ်​ဦး​က​ဆင့်​ဆို​သော​စ​ကား​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​လာ သည်​ကို​သင်​တို့​သိ​လို​လိမ့်​မည်။-

22 သူ​ဆင့်​ဆို​သော​စ​ကား​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​လာ​လျှင် သူ​၏​ဆင့်​ဆို​ချက်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​ဟုတ်။ သူ​သည်​မိ​မိ ၏​အ​ခွင့်​အာ​ဏာ​ဖြင့်​သာ​ဆင့်​ဆို​ခြင်း​ဖြစ်​၍ သင် တို့​သည်​သူ့​ကို​မ​ကြောက်​နှင့်။''