3 ``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-
4 စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။-
5 ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
6 ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊-
7 ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
8 သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
9 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-