1 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားတော်မူမည့်ပြည် တွင်နေထိုင်သောလူမျိုးတို့ကို သုတ်သင်ပယ် ရှင်းပြီးနောက်သင်တို့သည်သူတို့၏မြို့များ နှင့်အိမ်များကိုသိမ်းယူနေထိုင်ကြသော အခါ၊-
2-3 ထိုပြည်ကိုသုံးပိုင်းပိုင်း၍တစ်ပိုင်းစီတွင် လွယ် ကူစွာသွားရောက်နိုင်သောမြို့တစ်မြို့ကိုရွေး ချယ်လော့။ လူတစ်စုံတစ်ယောက်ကိုသတ်မိ သောသူသည် ထိုမြို့များအနက်တစ်မြို့ မြို့သို့ပြေး၍ခိုလှုံနိုင်သည်။-
4 လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။-
5 ပမာအားဖြင့်လူနှစ်ယောက်တို့သည်တော ထဲသို့သစ်ခုတ်ရန်အတူသွားကြရာ၌ တစ် ယောက်ကသစ်ပင်ကိုခုတ်လှဲနေစဉ်ပုဆိန် သွားသည်အရိုးမှကျွတ်ထွက်၍ အခြား တစ်ယောက်ကိုထိမှန်သဖြင့် ထိုသူသေလျှင် သတ်မိသူသည်ထိုသုံးမြို့အနက် တစ်မြို့ မြို့သို့ထွက်ပြေးလျှင်အသက်ချမ်းသာ ခွင့်ရရှိနိုင်သည်။-
6 အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
7 ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။''
8 ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း သင်တို့၏နယ်ကျယ်ပြန့်လာပြီး လျှင် ကတိထားတော်မူသောမြေအားလုံး ကိုအပိုင်ရရှိသောအခါ၊-