14 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''
15 ``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-
16 တစ်စုံတစ်ယောက်သောသူသည် အခြားသူ တစ်ယောက်အားပြစ်မှုကူးလွန်သည်ဟူ ၍မတရားစွပ်စွဲလျှင်၊-
17 ထိုသူနှစ်ဦးတို့သည် တစ်ခုတည်းသောကိုး ကွယ်ရာဌာန၌တာဝန်ကျယဇ်ပုရောဟိတ် များနှင့် တရားသူကြီးများထံတွင်အစစ် ခံရမည်။-
18 တရားသူကြီးတို့သည်အမှုကိုစေ့စပ်စွာ စစ်ဆေး၍ ထိုသူသည်ဣသရေလအမျိုး သားချင်းအား မတရားစွပ်စွဲကြောင်းစစ် ဆေးတွေ့ရှိရလျှင်၊-
19 အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
20 လူအပေါင်းတို့သည်ထိုသတင်းကိုကြားရ သဖြင့် ကြောက်ရွံ့၍နောင်အခါထိုသို့သော ဒုစရိုက်ကိုပြုလုပ်ဝံ့ကြမည်မဟုတ်။-