18 တရားသူကြီးတို့သည်အမှုကိုစေ့စပ်စွာ စစ်ဆေး၍ ထိုသူသည်ဣသရေလအမျိုး သားချင်းအား မတရားစွပ်စွဲကြောင်းစစ် ဆေးတွေ့ရှိရလျှင်၊-
19 အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
20 လူအပေါင်းတို့သည်ထိုသတင်းကိုကြားရ သဖြင့် ကြောက်ရွံ့၍နောင်အခါထိုသို့သော ဒုစရိုက်ကိုပြုလုပ်ဝံ့ကြမည်မဟုတ်။-
21 ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''