5 ပမာအားဖြင့်လူနှစ်ယောက်တို့သည်တော ထဲသို့သစ်ခုတ်ရန်အတူသွားကြရာ၌ တစ် ယောက်ကသစ်ပင်ကိုခုတ်လှဲနေစဉ်ပုဆိန် သွားသည်အရိုးမှကျွတ်ထွက်၍ အခြား တစ်ယောက်ကိုထိမှန်သဖြင့် ထိုသူသေလျှင် သတ်မိသူသည်ထိုသုံးမြို့အနက် တစ်မြို့ မြို့သို့ထွက်ပြေးလျှင်အသက်ချမ်းသာ ခွင့်ရရှိနိုင်သည်။-
6 အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
7 ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။''
8 ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း သင်တို့၏နယ်ကျယ်ပြန့်လာပြီး လျှင် ကတိထားတော်မူသောမြေအားလုံး ကိုအပိုင်ရရှိသောအခါ၊-
9 ခိုလှုံရာမြို့သုံးမြို့ကိုထပ်မံ၍ရွေးချယ်ရ မည်။ သင်တို့သည်ငါယခုမိန့်မှာသမျှကို သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ် မြတ်နိုးလျက် ကိုယ်တော်၏သွန်သင်ချက်များ အတိုင်းလိုက်လျှောက်လျှင် ထာဝရဘုရား သည်ထိုပြည်ကိုသင်တို့အားပေးသနား တော်မူလိမ့်မည်။-
10 ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
11 ``သို့ရာတွင်လူတစ်ယောက်သည် ရန်သူကိုအငြိုး ထား၍ချောင်းမြောင်းသတ်ဖြတ်ပြီးလျှင် ထိုမြို့ တစ်မြို့သို့ထွက်ပြေးခိုလှုံသည့်အခါ၌မူ ကား၊-