တ​ရား​ဟော 2:18-24 BCL

18 `ယ​နေ့​တွင်​သင်​တို့​သည် အာ​ရ​မြို့​သို့​သွား​ရာ လမ်း​ဖြင့် မော​ဘ​ပြည်​ကို​ဖြတ်​သွား​ရ​မည်။-

19 သင်​တို့​သည်​လောတ​၏​အ​ဆက်​အ​နွယ်​များ ဖြစ်​သော အမ္မုန်​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ပြည် အ​နီး​သို့​ရောက်​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ပေး​ထား​တော်​မူ​သော​ပြည်​ကို သင် တို့​ကို​ပေး​မည်​မ​ဟုတ်​သော​ကြောင့်​သူ​တို့​ကို မ​နှောင့်​ယှက်​နှင့်၊ စစ်​မ​တိုက်​နှင့်' ဟု​မိန့်​တော် မူ​၏။''

20 (ယ​ခင်​အ​ခါ​က​ရီ​ဖိမ်​လူ​မျိုး​နေ​ထိုင်​ခဲ့​သ​ဖြင့် ထို​ပြည်​ကို​ရီ​ဖိမ်​ပြည်​ဟူ​၍​ခေါ်​တွင်​သည်။ အမ္မုန် အ​မျိုး​သား​တို့​က​သူ​တို့​ကို​ဇံ​ဇုမ္မိမ်​ဟူ​၍​ခေါ် ကြ​သည်။-

21 သူ​တို့​သည်​အာ​န​က​လူ​မျိုး​ကဲ့​သို့​အ​ရပ် အ​မောင်း​မြင့်​မား​သည်။ သူ​တို့​သည်​လူ​ဦး​ရေ များ​ပြား​၍ အင်​အား​ကြီး​မား​သော​လူ​မျိုး ဖြစ်​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ဖယ်​ရှား​လိုက်​သ​ဖြင့် အမ္မုန်​အ​မျိုး သား​တို့​က​သူ​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ အ​ခြေ​ချ​နေ​ထိုင်​ကြ​သည်။-

22 ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-

23 က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)

24 ``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-