4 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
5 ``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
6 သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
7 သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။
8 ``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
9 စစ်ဗိုလ်များကတပ်သားတို့အားပြောဆိုပြီး နောက်တပ်ခွဲတစ်ခုစီမှခေါင်းဆောင်များကို ရွေးချယ်ခန့်ထားရမည်။
10 ``သင်တို့သည်မြို့တစ်မြို့ကိုစစ်ချီတိုက်ခိုက် သောအခါ ပထမဦးစွာမြို့သားတို့အား လက်နက်ချခွင့်ပေးရမည်။-