10 ``နွားနှင့်မြင်းတပ်၍ထယ်မထွန်ရ။
11 ``သိုးမွေးနှင့်ချည်စပ်၍ရက်သောအထည် ကိုမဝတ်ရ။
12 ``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။
13-14 ``အကယ်၍ယောကျာ်းတစ်ယောက်သည် မိန်းမ တစ်ယောက်နှင့်လက်ထပ်ပေါင်းသင်းပြီးနောက် ထိုမိန်းမကိုမနှစ်သက်သဖြင့် သူသည်အပျို မဟုတ်ဟူ၍မတရားစွပ်စွဲသော်၊-
15 မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။-
16 ထိုမိန်းမ၏ဖခင်က`အကျွန်ုပ်၏သမီးကို ဤသူနှင့်လက်ထပ်ပေးစားခဲ့ရာ သူသည် ယခုသမီးကိုစွန့်လိုပါသည်။-
17 သူကအကျွန်ုပ်၏သမီးသည်အပျိုမဟုတ် ဟူ၍မတရားစွပ်စွဲပါသည်။ သို့ရာတွင် အကျွန်ုပ်၏သမီးသည် အပျိုဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ်သွေးစွန်း နေသောမင်္ဂလာဆောင်အခင်းကိုတင်ပြပါ သည်' ဟုအကြီးအကဲတို့အားလျှောက် ဆိုရမည်။-