တ​ရား​ဟော 22:8-15 BCL

8 ``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။

9 ``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။

10 ``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။

11 ``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။

12 ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။

13-14 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် မိန်း​မ တစ်​ယောက်​နှင့်​လက်​ထပ်​ပေါင်း​သင်း​ပြီး​နောက် ထို​မိန်းမ​ကို​မ​နှစ်​သက်​သ​ဖြင့် သူ​သည်​အ​ပျို မ​ဟုတ်​ဟူ​၍​မ​တ​ရား​စွပ်​စွဲ​သော်၊-

15 မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-