တ​ရား​ဟော 23:4-10 BCL

4 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-

5 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-

6 သင်​တို့​၏​နိုင်ငံ​တည်​တံ့​သ​မျှ​ကာ​လ​ပတ် လုံး ထို​လူ​မျိုး​တို့​၏​အ​ကျိုး​ကို​မ​ရှာ​ကြ နှင့်။

7 ``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-

8 ယင်း​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် တ​တိ​ယ​မျိုး​ဆက်​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​ပါ​ဝင်​နိုင်​၏။

9 ``သင်​တို့​သည်​ရန်​သူ​ကို​စစ်​ချီ​တိုက်​ခိုက်​နေ စဉ် တပ်​စ​ခန်း​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ မ​သန့်​ရှင်း​မှု​ဟူ​သ​မျှ​ကို​ရှောင်​ကြဉ်​ရ​မည်။-

10 တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-