တ​ရား​ဟော 25:8-15 BCL

8 ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊-

9 သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။-

10 ဣ​သ​ရေ​လ​လူ​မျိုး​တွင် ထို​သူ​၏​မိ​သား​စု ကို`ဖိ​နပ်​အ​ချွတ်​ခံ​ရ​သူ​၏​မိ​သား​စု' ဟူ​၍ ခေါ်​တွင်​စေ​ရ​မည်။

11 ``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊-

12 ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-

13-14 ``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-

15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-