တ​ရား​ဟော 26:8-14 BCL

8 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-

9 ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-

10 ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-

11 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။

12 ``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-

13 `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-

14 အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-