တ​ရား​ဟော 29:1-4 BCL

1 သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။

2 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို ဆင့်​ခေါ်​၍``ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့်​သူ ၏​အ​ရာ​ရှိ​များ​အ​ပါ​အ​ဝင် တစ်​တိုင်း​ပြည် လုံး​ကို​မည်​ကဲ့​သို့​ဒဏ်​ခတ်​ခဲ့​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-

3 သင်​တို့​သည်​ကြောက်​မက်​ဖွယ်​သော​ကပ် ရော​ဂါ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြ​တော် မူ​သော​အံ့​သြ​ဖွယ်​ရာ​တန်​ခိုး​နိ​မိတ်​လက္ခ ဏာ​တော်​များ​ကို​လည်း​မြင်​ခဲ့​ရ​ကြ​သည်။-

4 သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-