တ​ရား​ဟော 29:14-20 BCL

14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သာ ဤ ပ​ဋိ​ညာဉ်​ဤ​သစ္စာ​ကို​ပြု​တော်​မူ​သည် သာ​မ​က၊-

15 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ယ​နေ့​ရပ်​နေ ကြ​သော​ငါ​တို့​အ​ပေါင်း​နှင့်​သော်​လည်း ကောင်း၊ ယ​ခု​ငါ​တို့​နှင့်​အ​တူ​မ​ရှိ​သေး သော​နောင်​လာ​နောက်​သား​တို့​နှင့်​သော် လည်း​ကောင်း​ပြု​တော်​မူ​၏။

16 ``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-

17 သူ​တို့​၏​ရွံ​ရှာ​ဖွယ်​သော​သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​များ ကို​လည်း​သင်​တို့​မြင်​ကြ​၏။-

18 ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-

19 ယ​နေ့​ဤ​ပ​ညတ်​များ​ကို​ကြား​ရ​ပြီး နောက် မိ​မိ​အ​လို​အ​တိုင်း​ကျင့်​မြဲ​ကျင့်​နေ သော်​လည်း အ​စ​စ​အ​ရာ​ရာ​၌​အ​ဆင် ပြေ​လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​သူ​မ​ရှိ စေ​နှင့်။ သို့​သော်​သင်​တို့​တွင်​ကောင်း​သူ​ဆိုး သူ​မ​ကျန် အား​လုံး​ပျက်​စီး​ဆုံး​ရှုံး​ရ လိမ့်​မည်။-

20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-