27 သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့်ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။'
28 ``ဣသရေလလူမျိုးသည်စဉ်းစားဉာဏ်မရှိ၊ အသိဉာဏ်ကင်းမဲ့ကြ၏။
29 သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။
30 လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်းအဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည်သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
31 သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
32 သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက်ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊
33 မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။