37 ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား`သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
38 သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။အမြန်ကြွလာ၍ကယ်တင်ပါလေစေ။
39 `` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။အသက်ကိုပေးပိုင်၏။ငါသည်ဒဏ်ရာရစေနိုင်၏။ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
40 ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်းငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
41 ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
42 ငါ၏မြားများတွင်သူတို့၏သွေးစက်စီး ကျလိမ့်မည်။ငါ၏သန်လျက်သည်ငါ့အားဆန့်ကျင်သူ ရှိသမျှတို့ကိုသုတ်သင်လိမ့်မည်။ငါ့ကိုရန်ဖက်ပြုသူတို့အားတစ်ယောက်မကျန် အဆုံးစီရင်မည်။ဒဏ်ရာရသူနှင့်သုံ့ပန်းများပင်လျှင် သေဆုံးရလိမ့်မည်။'
43 ``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''