43 ``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
44 မောရှေနှင့်နုန်၏သားယောရှုတို့သည်ဣသ ရေလအမျိုးသားတို့ကြားနိုင်လောက်အောင် ဤသီချင်းကိုရွတ်ဆိုကြလေသည်။
45 မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့အား ဘုရားသခင်၏မိန့်မှာချက်များကို ဆင့်ဆိုပြီးနောက်ဆက်လက်၍၊-
46 ``သင်တို့အားငါယနေ့ပေးသမျှသောပညတ် တို့ကိုစောင့်ထိန်းကြလော့။ သင်တို့၏သားသမီး တို့သည်လည်း ဘုရားသခင်၏ပညတ်ရှိသမျှ ကို တစ်သဝေမတိမ်းလိုက်လျှောက်စေရန်သွန် သင်လော့။-
47 ဤပညတ်များသည်အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင် တို့သည်ဤပညတ်တို့ကိုစောင့်ထိန်းလျှင်ယော်ဒန် မြစ်တစ်ဖက်ရှိသင်တို့ဝင်ရောက်မည့်ပြည်တွင် ကြာရှည်စွာနေထိုင်ရကြလိမ့်မည်'' ဟုမှာ ကြားလေသည်။
48 ထိုနေ့၌ပင်ထာဝရဘုရားကမောရှေအား၊-
49 ``ယေရိခေါမြို့တစ်ဘက်မောဘပြည်ရှိအာဗ ရိမ်တောင်တန်းသို့သွား၍ နေဗောတောင်ထိပ်ပေါ် သို့တက်လော့။ ထိုတောင်ထိပ်ပေါ်မှနေ၍ ဣသရေ လအမျိုးသားတို့အား ငါပေးမည့်ခါနာန်ပြည် ကိုမြော်ကြည့်လော့။-