8 အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်းသတ်မှတ်ပေးတော်မူသောအခါ၊နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။
9 သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကိုမိမိအတွက်ရွေးချယ်တော်မူ၏။
10 ``ကိုယ်တော်သည်သူတို့ကိုလေထန်သောတောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
11 လင်းယုန်ငှက်သည်သားငယ်များကိုအပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။
12 အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။
13 ``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ကျောက်ပေါများသောမြေတွင်ပေါက်သောသံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။
14 သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။