11 အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''
12 ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
13 ယောသပ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။``ထာဝရဘုရားသည်သူတို့၏နယ်မြေပေါ်တွင် မိုးရွာစေရန်လည်းကောင်း၊မြေအောက်မှရေထွက်စေရန်လည်းကောင်း ကူမတော်မူပါစေသော။
14 သူတို့၏နယ်မြေသည်နေပူရှိန်ဖြင့်မှည့်သော သစ်သီး၊ရာသီအလိုက်ပေါ်သောအဖိုးတန်သစ်သီး တို့နှင့် ကြွယ်ဝပါစေသော။
15 သူတို့၏ရှေးတောင်ကုန်းများသည်အဖိုးတန် သစ်သီးများနှင့်လှိုင်ပါစေသော။
16 မီးလျှံတောက်လောင်သောချုံထဲမှမိန့်ကြားတော်မူသောထာဝရဘုရား ကောင်းချီးပေးတော်မူသောအားဖြင့်၊သူတို့၏နယ်မြေမှအဖိုးတန်သီးနှံ များ ထွက်ပါစေသော။ယောသပ်သည်သူ၏ညီအစ်ကိုတို့တွင် ခေါင်းဆောင် ဖြစ်သောကြောင့်သူ၏အနွယ်သည်ထိုကောင်းချီးမင်္ဂလာတို့ကိုခံစားရပါ စေသော။
17 ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့်ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကိုမြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''