တ​ရား​ဟော 33:14-20 BCL

14 သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

15 သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။

16 မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှမိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည်ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။

17 ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့်ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကိုမြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

18 ဇာ​ဗု​လုန်​နှင့်​ဣသ​ခါ​အ​နွယ်​ကို​ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``ဇာ​ဗု​လုန်​အ​နွယ်​သည်​ပင်​လယ်​ခ​ရီး​ဖြင့် ရောင်း​ဝယ်​ဖောက်​ကား​၍​စီး​ပွား​တိုးတက်​ပါ​စေ။ဣ​သ​ခါ​အ​နွယ်​သည်​မိ​မိ​တို့​နယ်​မြေ​အ​တွင်း​၌ ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​ပါ​စေ။

19 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက်ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်းဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''

20 ဂဒ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``ဂဒ်​အ​နွယ်​၏​နယ်​မြေ​ကို​ကျယ်​ဝန်း​စေ​သော ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ဂဒ်​အ​နွယ်​သည်​ခြင်္သေ့​သ​ဖွယ်​လက်​မောင်း သို့​မ​ဟုတ် ဦး​ခေါင်း​ခွံ​ကို​ကိုက်​ဖြတ်​ရန်​ချောင်း​နေ​၏။